ဆိုင်တိုင်းအတွက် အကောင်းဆုံး အရောင်းစနစ်

သင့်ဆိုင်ရဲ့ အရောင်းစနစ်ကို
နောက်တစ်ဆင့်ဆီ မြှင့်တင်လိုက်ပါ

ရှုပ်ထွေးတဲ့ စာအုပ်စာရင်းတွေအစား FlowPOS ကို ပြောင်းလဲအသုံးပြုလိုက်ပါ။ သင့်ဆိုင်ရဲ့ နေ့စဉ်အရောင်းအဝယ်၊ ပစ္စည်းလက်ကျန်နဲ့ အမြတ်ငွေတွေကို ဖုန်း (သို့မဟုတ်) ကွန်ပျူတာလေးရှိရုံနဲ့ ဘယ်နေရာကနေမဆို အလွယ်တကူ စီမံခန့်ခွဲနိုင်ပါပြီ။

လက်တွေ့လုပ်ငန်းခွင်အတွက် အထူးဖန်တီးထားသည်

နည်းပညာနဲ့ သိပ်မရင်းနှီးရင်တောင် မိနစ်ပိုင်းအတွင်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ရှုပ်ထွေးတဲ့ စာရင်းဇယားတွေကို တိတိကျကျ တွက်ချက်ပေးလို့ အမှားအယွင်းတွေအတွက် လုံးဝပူစရာ မလိုတော့ပါဘူး။

မြန်ဆန်သော အရောင်းစနစ်

Barcode ဖတ်ရုံဖြင့် ချက်ချင်းငွေရှင်းနိုင်ပြီး၊ လူပြည့်နေချိန်တွင်လည်း Customer များကို အမြန်ဆုံး ဝန်ဆောင်မှုပေးနိုင်ပါသည်။

တိကျသော ပစ္စည်းလက်ကျန်

ပစ္စည်းတစ်ခု ရောင်းလိုက်သည်နှင့် လက်ကျန်စာရင်း အလိုအလျောက် နုတ်သွားမည်ဖြစ်၍ ဂိုဒေါင်သွားစစ်စရာ မလိုတော့ပါ။

အမြတ်ငွေ တွက်ချက်ပေးခြင်း

ဒီနေ့ ဘယ်လောက်ရောင်းရလဲ၊ အမြတ်ဘယ်လောက်ကျန်လဲ ဆိုတာကို နေ့စဉ်၊ လစဉ် Report များဖြင့် အတိအကျ ကြည့်ရှုနိုင်ပါသည်။

ဆိုင်ခွဲများ ချိတ်ဆက်ခြင်း

ဆိုင်ခွဲပေါင်းများစွာ ဖွင့်ထားပါကလည်း Admin Panel တစ်ခုတည်းမှနေ၍ ပစ္စည်းများ၊ စာရင်းများကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။

လုံခြုံစိတ်ချရမှု

ဝန်ထမ်းများအတွက် ကန့်သတ်ချက်များ ထားရှိနိုင်ပြီး၊ ပစ္စည်းဖျက်ခြင်းနှင့် စာရင်းပြင်ခြင်းများကို ဆိုင်ရှင်မှသာ ပြုလုပ်ခွင့်ရှိပါသည်။

ဘယ်နေရာကဖြစ်ဖြစ် ကြည့်နိုင်ခြင်း

အင်တာနက်ရှိရုံဖြင့် ဖုန်း၊ Tablet၊ ကွန်ပျူတာ ကြိုက်သည့် Device မှနေ၍ သင့်ဆိုင်၏ အရောင်းအဝယ်ကို လှမ်းကြည့်နိုင်ပါသည်။

< 1s
Checkout Speed
100%
Inventory Accuracy
24/7
Premium Support

အထူးဈေးနှုန်းဖြင့် စတင်အသုံးပြုလိုက်ပါ

ပထမဆုံး ဆိုင် (၁၀) ဆိုင်အတွက်သာ အထူးလျော့ဈေးဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ ဖော်ပြထားသော ဈေးနှုန်းများမှလွဲ၍ အခြား လျှို့ဝှက်ကောက်ခံငွေ လုံးဝမရှိပါ။

FlowPOS Standard License

အရောင်းအဝယ်နှင့် စာရင်းဇယားအားလုံး အပြည့်အစုံပါဝင်သည်

650,000 Ks
450,000 Ks
စနစ်တပ်ဆင်ခ (တစ်ကြိမ်တည်း)
Server & Maintenance
120,000 Ks / နှစ်စဉ်
  • အကန့်အသတ်မရှိ ပစ္စည်းအရေအတွက် ထည့်သွင်းနိုင်ခြင်း
  • User Accounts (၃) ခု အထိ အသုံးပြုနိုင်ခြင်း
  • နေ့စဉ်၊ လစဉ် အမြတ်/အရှုံး Report အပြည့်အစုံ
  • လုံခြုံမြန်ဆန်သော Cloud Server ဖြင့် ချိတ်ဆက်ပေးခြင်း
  • 24/7 Premium Technical Support (အခမဲ့)
Contact Sales

Frequently Asked Questions

FlowPOS နှင့် ပတ်သက်၍ အမေးများသော မေးခွန်းများ

FlowPOS သည် အချိန်နှင့်တစ်ပြေးညီ (Real-time) သိမ်းဆည်းပေးသော Cloud-based စနစ်ဖြစ်သောကြောင့် လက်ရှိတွင် Internet ချိတ်ဆက်ထားရန် လိုအပ်ပါသည်။ သို့သော် Data အသုံးပြုမှု အလွန်နည်းပါးအောင် ဖန်တီးထားသောကြောင့် မီးပျက်သွားချိန်များတွင် ဖုန်း Internet (သို့) Hotspot လေးဖွင့်ထားရုံဖြင့် အဆင်ပြေချောမွေ့စွာ ဆက်လက်ရောင်းချနိုင်ပါသည်။

မလိုအပ်ပါ။ FlowPOS သည် Cloud-based စနစ်ဖြစ်သောကြောင့် မိမိလက်ရှိအသုံးပြုနေသော ဖုန်း၊ Tablet၊ Laptop (သို့) Computer မည်သည့် Device မှမဆို Browser ဖွင့်၍ လွယ်ကူစွာ ဝင်ရောက်အသုံးပြုနိုင်ပါသည်။

လုံးဝမပျောက်နိုင်ပါ။ အရောင်းအဝယ် ဒေတာအားလုံးကို နိုင်ငံတကာအဆင့်မီ လုံခြုံရေးရှိသော Cloud Server များပေါ်တွင် အချိန်နှင့်တစ်ပြေးညီ သိမ်းဆည်းပေးထားပါသည်။ သင့်စက်ပျက်သွားလျှင်တောင် အခြားစက်တစ်ခုမှ အကောင့်ဝင်၍ ဆက်လက်အသုံးပြုနိုင်ပါသည်။

FlowPOS ၏ ဒီဇိုင်းကို နည်းပညာ မကျွမ်းကျင်သူများပါ အလွယ်တကူ နားလည်နိုင်ရန် အရှင်းလင်းဆုံး ရေးဆွဲထားပါသည်။ ဝန်ထမ်းအသစ်များအနေဖြင့် (၁၀) မိနစ်ခန့် လေ့လာရုံဖြင့် အရောင်းဘေလ်များကို စတင်ထုတ်ပေးနိုင်မည် ဖြစ်ပါသည်။